ပင်မစာမျက်နှာစီစဥ်သူများမိတ်ဘက်များဆက်သွယ်ရန်အကူအညီ
ပင်မစာမျက်နှာ>>>စိုက်ပျိုးရေးလုပ်ငန်းအဖွဲ့ (WGA) >>>WGA မိတ်ဆက်
ရှာရန်
စိုက်ပျိုးရေးလုပ်ငန်းအဖွဲ့ (WGA)

WGA မိတ်ဆက်

မဟာမဲခေါင်ဒေသခွဲအတွင်း လယ်ယာကဏ္ဍပူးပေါင်းဆောင်ရွက်မှုအတွက် အဖွဲ့ဝင်နိုင်ငံများမှ ကိုယ်စားလှယ်များပါဝင်သည်‌့ မဟာမဲခေါင်ဒေသခွဲ စိုက်ပျိုးရေး လုပ်ငန်းအဖွဲ့ (GMS Working Group on Agriculture - GMS-WGA)ကို ၂၀၀၃ ခုနှစ်တွင် စတင်ဖွဲ့စည်းခဲ့သည်။ ဖွဲ့စည်းရခြင်း၏ရည်ရွယ်ချက်မှာ အဖွဲ့ဝင်နိုင်ငံများအတွင်းလယ်ယာထွက်ကုန်ပစ္စည်း ကုန်သွယ်မှု တိုးမြင်‌့ရေး၊ နည်းပညာဖလှယ်ရေး၊ လယ်ယာ၊ သားငါး၊ သစ်တောကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံတော်နှင်‌့ ပုဂ္ဂလိကကဏ္ဍ အကျိုးတူ ပူးပေါင်း ဆောင်ရွက်ရေးတို့အတွက် လုပ်ငန်းစဥ်များ ချမှတ်ရန် ဖြစ်သည်။

GMS-WGA တွင် မြန်မာနိုင်ငံမှ ညှိနှိုင်းရေးမှူးအဖြစ် လယ်ယာစိုက်ပျိုးရေးနှင်‌့ဆည်‌ြေမာင်းဝန်ကြီးမှ  အဆင်‌့မြင်‌့အရာရှိ ကိုယ်စားလှယ်တစ်ဦးအား သတ်မှတ် တာဝန်ပေးထားပါသည်။ ထို့ပြင် သက်ဆိုင်ရာ အဖွဲ့ဝင်နိုင်ငံအသီးသီး၌လည်း National Working Group on Agriculture အား ဖွဲ့စည်းဆောင်ရွက်ရန် လိုအပ်သဖြင်‌့ မြန်မာနိုင်ငံ လယ်ယာစိုက်ပျိုးရေးနှင်‌့ဆည်မြောင်းဝန်ကြီးဌာန အနေဖြင်‌့ စိုက်ပျိုးရေးစီမံကိန်းဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဆောင်၍ လုပ်ငန်းဌာနများမှ ကိုယ်စားလှယ်များ ပါဝင်သော လုပ်ငန်းအဖွဲ့ကိုလည်း ဖွဲ့စည်းခဲ့ပြီးဖြစ်သည်။
Copyright © 2007 GMS - AIN.ORG , Support by ADB