ပင်မစာမျက်နှာစီစဥ်သူများမိတ်ဘက်များဆက်သွယ်ရန်အကူအညီ
ပင်မစာမျက်နှာ>>>စိုက်ပျိုးရေးလုပ်ငန်းအဖွဲ့ (WGA) >>>WGA ဆောင်ရွက်ချက်များ
ရှာရန်
စိုက်ပျိုးရေးလုပ်ငန်းအဖွဲ့ (WGA)

WGA ဆောင်ရွက်ချက်များ

မဟာမဲခေါင်ဒေသခွဲစိုက်ပျိုးရေးလုပ်ငန်းအဖွဲ့၏ ပထမအကြိမ်အစည်းအဝေးကို ဖိလစ်ပိုင်နုိင်ငံ၊ မနီ လာမြို့၌ ၂၀၀၃ ခုနှစ်၊ ဇန်နဝါရီလ၌ ကျင်းပပြုလုပ်ခဲ့သည်။

မဟာမဲခေါင်မြစ်ဝှမ်းဒေသခွဲအတွင်း လယ်ယာကဏ္ဍပူးပေါင်းဆောင်ရွက်မှုအောက်တွင် ဒေသခွဲ ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုကိစ္စရပ်များနှင်‌့ အလားအလာရှိသော ပူးပေါင်းဆောင်ရွက်မှု ဧရိယာ များကို ဆွေးနွေးရန်၊ အသိပညာသတင်းအချက်အလက် စီမံခန့်ခွဲမှုနှင်‌့ ဖလှယ်မှုလုပ်ငန်းဖွံ့ဖြိုးတိုး တက်ရေးကို ဆွေးနွေးရန်အတွက် မဟာမဲခေါင်ဒေသခွဲစိုက်ပျိုးရေးလုပ်ငန်းအဖွဲ့၏ ဒုတိယအကြိမ် အစည်းအဝေးကို ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့၌ ၂၀၀၄ ခုနှစ်၊ မတ်လ (၂၂-၂၃)ရက်နေ့များတွင် ကျင်းပ ပြုလုပ်ခဲ့သည်။

မဟာမဲခေါင်မြစ်ဝှမ်းဒေသခွဲ စိုက်ပျိုးရေးလုပ်ငန်းအဖွဲ့၏ တတိယအကြိမ်အစည်းအဝေးကို ဗီယက် နမ်နိုင်ငံ၊ ဟွေးမြို့၌ ၂၀၀၆ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၅-၁၇)ရက်နေ့များတွင် ကျင်းပြုလုပ်ခဲ့ သည်။ မဟာမဲခေါင်ဒေသခွဲအတွင်း  လယ်ယာစိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်ခဲ့ သည်‌့ လုပ်ငန်းစီမံကိန်းများနှင်‌့ အစီအစဥ်များအား သုံးသပ်ခြင်းနှင်‌့ ၂၀၀၆ ခုနှစ်မှ ၂၀၁၀ ခုနှစ်အထိ ဦးစားပေးစီမံကိန်းများ အတည်ပြုရေး ဆွေးနွေးညှိနှိုင်းရန်ှနှင်‌့ အကူအညီ အထောက်အပံ့ပေးနိုင် မည်‌့ ဖွံ့ဖြိုးပြီး မိတ်ဆက်အဖွဲ့အစည်းများနှင်‌့ အမြင်ချင်းဖလှယ် ညှိနှိုင်းရန်နှင်‌့ မဲခေါင်မြစ်ဝှမ်းဒေသခွဲ လယ်ယာစိုက်ပျိုးရေးဝန်ကြီးများ အစည်းအဝေး ကျင်းပရေးအတွက် ကြိုတင်ပြင်ဆင်မှုလုပ်ငန်းများ ဆွေးနွေးညှိနှိုင်းရန်တို့ ဖြစ်သည်။

မဟာမဲခေါင်ဒေသစိုက်ပျိုးရေးလုပ်ငန်းအဖွဲ့၏ စတုတ္တအကြိမ်အစည်းအဝေးကို ကမ္ဘောဒီးယားနိုင်ငံ၊ ဆီယမ်ရိမြို့၌ ၂၀၀၆ခုနှစ်၊ ဒီဇင်ဘာလ(၆)ရက်နေ့မှ (၈)ရက်နေ့အထိ ကျင်းပ ပြုလုပ်ခဲ့ပြီး မြန်မာနိုင်ငံမှ ကိုယ်စားလှယ် (၃)ဦး တက်ရောက်ခဲ့ပါသည်။
Copyright © 2007 GMS - AIN.ORG , Support by ADB