ပင်မစာမျက်နှာစီစဥ်သူများမိတ်ဘက်များဆက်သွယ်ရန်အကူအညီ
ပင်မစာမျက်နှာ>>>GMS မိတ်ဆက် >>>ထိုင်း
ရှာရန်
GMS မိတ်ဆက်
ထိုင်းနိုင်ငံ၏ စိုက်ပျိုးရေး

ထိုင်းနိုင်ငံ၏ ၁၉၇၀ ပြည့်လွန်နှစ်များနှင့် ၁၉၈၀ ပြည့်လွန် အစောပိုင်းနှစ်များအတွင်း ထင်ထင်ရှားရှား စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုများမှာ လယ်ယာကဏ္ဍထုတ်လုပ်မှု မှန်မှန်ကြီး တိုးတက်ခဲ့ခြင်းကြောင့်ဖြစ်သည်။ လယ်ယာကဏ္ဍမှ လျင်မြန်စွာ တိုးတက်နေသော လူဦးရေ အတွက် စားနပ်ရိက္ခာ ဖူလုံအောင်ဖြည့်ဆည်းပေးခဲ့ပြီး အချို့ပိုလျှံသော ကုန်ပစ္စည်းများကို နိုင်ငံခြားသို့ အမြောက်အမြား တင်ပို့စေနိုင်ခဲ့သည်။

ထိုင်းလယ်သမားတို့အနေဖြင့် ပြောင်းလဲနေသော စျေးကွက်အ‌ြေခအနေနှင့် လိုက်လျော ညီထွေပြောင်းလဲလုပ်ကိုင်နိုင်စွမ်းရှိကြခြင်းကြောင့် နိုင်ငံ၏ လယ်ယာကဏ္ဍ အောင်မြင် ရခြင်း ဖြစ်သည်။ ထို့ထက်ပို၍ အရေးကြီးသော အချက်မှာ ထွန်ယက်စိုက်ပျိုးရန် ‌ြေမယာ သစ်များ အများအပြား ဖော်ထုတ်နိုင်ခြင်းဆိုသည့်အချက် ဖြစ်သည်။ ၁၉၅၀ ခုနှစ်မှ ၁၉၈၀ ခုနှစ်ကြားတွင် စိုက်ပျိုးမြေလုပ်ကွက် ဧရိယာ ဟက်တာ ၂၂ သန်းထိ ၂ ဆမျှ တိုးတက် လာခဲ့ရာ ယင်းဧရိယာ၏ ၄ ပုံ ၃ ပုံကို နှစ်စဥ် ထွန်ယက်စိုက်ပျိုးသည်။ တိုးပွားလာသော လူဦးရေကို စိုက်ပျိုးမြေ တိုးချဲ့ခြင်းက စုပ်ယူလိုက်သည်။ ၁၉၈၀ လွန်နှစ်များ အစောပိုင်း ရောက်သောအခါ စိုက်ပျိုးနိုင်သော ‌ြေမယာမှန်သမျှကို နိုင်ငံတောင်ပိုင်းဒေသမှအပ အားလုံးစိုက်ပျိုးနေကြပြီ ဖြစ်သည်။ လယ်ယာကဏ္ဍ ဆက်လက်တိုးတက်မှုသည် နည်းပညာ သစ်များကို မည်မျှလက်ခံကျင့်သုံးနိုင်သည်။ မည်မျှစိုက်ပျိုးမှုတိုးချဲ့နိုင်သည် အပေါ်တွင် မူတည်လာသည်။ အကဲဖြတ်သူများက ဤပြောင်းလဲမှုများမပါဘဲ လူဦးရေကလည်းတိုးတက် မျှော်လင့်ချက်ကလည်း မြင့်မားလာသဖြင့် တိုးပွားလာသော ြပည်တွင်းဝယ်လိုအားများ ကြောင့် နိုင်ငံ၏ ဆန်နှင့် သကြားကဲ့သို့သော အပိုအလျှံထွက်ကုန်များ ပိုလျှံမှုလျော့နည်းကာ ပြည်ပတင်ပို့နိုင်မှု ကျဆင်းပြီး နိုင်ငံ၏ ငွေပေးငွေယူရှင်းတမ်းကို ဆိုးဆိုးရွားရွား ထိခိုက်မည် ကို စုိးရိမ်ခဲ့ကြသည်။

လယ်ယာသားငါး သစ်တောကဏ္ဍများပါဝင်သော စိုက်ပျိုးရေးသည် လုပ်သားအင်အား၏ ၄ ပုံ ၃ ပုံကို အလုပ်အကိုင် ပေးထားသည့်အပြင် စုစုပေါင်းလူဦးရေ၏ ၅ ပုံ ၄ ပုံသည် စိုက်ပျိုးရေးဖြင့် အသက်မွေးသည်ဟု ခန့်မှန်းထားသည်။ ၁၉၈၀ ပြည့်လွန်နှစ်များ၏ အလယ်ပိုင်းကာလတွင် လယ်ယာကဏ္ဍသည် ဂျီဒီပီ၏ ၂၅ ရာခိုင်နှုန်းကို ဖြည့်ဆည်းပေး သည်။ စိုက်ပျိုးရေးထွက်ကုန်များသည် ပို့ကုန်စုစုပေါင်းတန်ဘိုး၏ ၆၀ ရာခိုင်နှုန်း အထက်တွင် ပါဝင်နေပြန်သည်။

စိုက်ပျိုးရေးလုပ်ငန်းအမျိုးအစားအနေဖြင့် ဝမ်းစာအတွက်၊ ရောင်းရန်အတွက်နှင့် ယင်း ၂ မျိုးလုံးအတွက် ဟူ၍ ဒေသအလိုက်နှင့် ဒေသတစ်ခုတည်းမှာပင် အမျိုးမျိုးကွဲပြား ခြားနား သည်။ မြေပြန့်အလယ်ပိုင်းဒေသတွင် အစေ့ထုတ်ပြောင်း၊ ကြံ၊ ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံများကို ရောင်းရန်အဓိက စိုက်ကြသည်။ ‌ြေမပြန့်အလယ်ပိုင်းဒေသ ဆန်အိုးဟု ခေါ်ဆိုနိုင်သော ဆန်စပါးစိုက်ပျိုးသည့် ဒေသများတွင်လည်း စပါးကို ရောင်းချရန် အဓိကထား စိုက်ပျိုးကြသည်။ အခြားဒေသများတွင်မူ စပါးကို ဝမ်းစာအတွက် စိုက်ကြသည်။ တချို့လယ်သမားများကမူ ဒုတိယသီးကို ရောင်းချရန် စိုက်ကြသည်လည်းရှိသည်။ အထက်ပိုင်း အရှေ့မြောက်ဒေသများကဲ့သို့ လမ်းပန်း ဆက်သွယ်ရေးမကောင်းသော၊ ဝန်ဆောင်မှုများ မရနိုင်သော ဒေသများအနေဖြင့်ကား စျေးကွက်စီးပွားရေးတွင် အကန့် အသတ်ဖြင့်သာ ပါဝင်နိုင်ကြသည်။ ယင်းဒေသမှ တောင်သူလယ်သမားများသည် ဝမ်းစာ အတွက် စိုက်ကြပြီး အပိုအလျှံအနည်းငယ်ကို မိမိဒေသတွင်သာ ရောင်းဝယ်ကြလေ့ရှိသည်။

လယ်ယာလုပ်ငန်းမှာ လုပ်ကွက်ငယ် တောင်သူလယ်သမားများကသာ လွှမ်းမိုးထားသည်။ အများစုမှာ မြေယာပိုင်ရှင်များ၊ လက်ရှိ ပိုင်ဆိုင်လုပ်ကိုင်နေသူများ ဖြစ်ကြသည်။ သီးစားချ ထားခြင်းကို အလယ်ပိုင်းမြေပြန့်ဒေသ နေရာအချို့တွင် တွေ့ရှိရသည်။ ၁၉၈၀ ပြည့်လွန်နှစ်များ အဦးပိုင်းတွင် တစ်နိုင်ငံလုံးပျမ်းမျှ လုပ်ကိုင်ခွင့် အရွယ််အစားမှာ ၅.၆ ဟက်တာဖြစ်သည်။ ယင်းအရွယ်အစားမှာ ဒေသအလိုက် နေရာအလိုက် ကွာခြားချက်များ ရှိသည်။ တစိတ်တပိုင်းအားဖြင့် မြေအနိမ်‌့အမြင့်၊ မြေဆီလွှာ၊ မိုးရွာသွန်းမှုနှင့် အခြားသဘာဝ အကြောင်းတရားများအပေါ်တွင် မူတည်နေသည်။ နိုင်ငံတွင်းရှိ စိုက်ပျိုးရေး အိမ်ထောင်စု ပေါင်း ၄.၅ သန်းကျော်၏ ၄ ပုံ ၁ ပုံနီးပါးသည် မြေယာ တဝက်ကျော်မှာ တောင်ကုန်း တောင်တန်း များဖြစ်သော နိုင်ငံ၏မြောက်ပိုင်းဒေသတွင် တည်ရှိသည် (၁၉၈၃ ခန့်မှန်းချက်)။ ဤဒေသ၏ အထက်ပိုင်း၌ ထူးခြားချက်မှာ ကျဥ်းမြောင်းသော လျှိုမြောင်များ ပေါများလှရာ ပျမ်းမျှ လုပ်ကွက်အရွယ်အစားမှ ၂.၂ ဟက်တာ ြဖစ်သည်။ အချို့နေရာများ၌ ဆည်ရေရရှိနိုင်ပြီး ပုံမှန်လုပ်ကွက်အရွယ်မှာ ၁ ဟက်တာကျော်ကျော်မျှသာ ရှိသည်။ ဆည်ရေမရသောနေရာများတွင် ၂ ဟက်တာခန့် လုပ်ကွက်အရွယ်ရှိပြီး တချို့မှာ မိုးကောင်းသောက်၊ တချို့မှာ တောင်ယာ ဖြစ်သည်။ အောက်ပိုင်းကျသော နေရာများမှာ အလယ်ပိုင်း‌ြေမပြန့်ဒေသနှင့် ဆင်တူသည်။ လုပ်ကွက်များ အရွယ်အစား ပိုကြီးရာ ပုံမှန်အားဖြင့် ၅ ဟက်တာနီးပါး ရှိသည်။ စပါးနှင့် ယာသီးနှံများ စိုက်ပျိုးပြီး တောင်သူအများစုက အစေ့ထုတ်‌ြေပာင်းကို ဒုတိယသီးနှံအဖြစ် စိုက်ကြလေ့ရှိသည်။ အနောက်မြောက်ဒေသတွင် မြေ၏ သြဇာဓါတ် ညံ့ဖျင်းပါက မိသားစု ဝမ်းစာလောက်ငရန် မြေဧရိယာ ပိုလုိသည်။ လယ်ယာ ထက်ဝက်ကျော်မှာ ၂.၄ မှ ၇.၂ ဟက်တာရှိပြီး ပုံမှန်အားဖြင့် ၄ ဟက်တာအရွယ် ရှိသည်။ ၁၉၈၀ ပြည့်နှစ်များ အစောပိုင်းက တနိုင်ငံလုံး လယ်ယာမိသားစု အရေအတွက်၏ ၄၀ ရာခိုင်နှုန်း ဤဒေသတွင် နေထိုင်သည်။ နိုင်ငံအလယ်ပိုင်းဒေသတွင် နေထိုင်သူ လယ်ယာမိသားစုမှာ ၂၀ ရာခိုင်နှုန်းရှိရာ ကွာခြားလှသည်ကို တွေ့ရသည်။ ဗန်ကောက်မြို့အနီးတွင် ဟင်းသီးဟင်းရွက်စျေးကွက် အတွက် စုိက်ပျိုးသောလုပ်ကွက်များမှာ ဟက်တာတဝက်ကျော်မျှသာရှိသော်လည်း မြို့တော်ပြင်ပ စီးပွားဖြစ် စပါးစိုက်လုပ်ကွက်များမှာ ပျမ်းမျှ ၁၀ ဟက်တာ ရှိသည်။ အလယ်ပိုင်း မြေပြန့်လွင်ပြင်တွင် မြေယာအားလုံး စိုက်ပျိုးပြီး ဖြစ်ကာ စပါးလုပ်ကွက်များမှာ အများအားဖြင့် ၃ ဟက်တာကျော် ရှိသည်။ ‌ြေမပြန့်လွင်ပြင်အရှေ့ဘက် ယာစိုက်ခင်းများတွင် အစေ့ထုတ်ပြောင်း စီးပွားဖြစ်စိုက်ကြရာ လုပ်ကွက်အရွယ်အစားမှာ ၆.၅ ဟက်တာနီးပါး ဖြစ်သည်။ ပီလောပီနံကို လုပ်ကွက်အရွယ် အနည်းငယ်သေးသော အခင်းများတွင် စိုက်ကြရာ အရွယ်အစားမှာ ၅ ဟက်တာဖြစ်သည်။ ‌ြေမပြန့်လွင်ပြင် အနောက်ဘက် ဒေသတွင် ကြံသီးနှံကို များသောအားဖြင့် လုပ်ကွက်အရွယ် ၃ ဟက်တာတွင် စိုက်ကြသည်။ တောင်ဘက်ပိုင်းဒေသမှာမူ မြေနိမ်‌့မြင့် အနေအထားအရ ၅ ပုံ ၂ ပုံမှာ စိုက်ပျိုးရန် မသင့်တော်သော ‌ေမြများဖြစ်ကြသည်။ သို့သော် ရာသီဥတု အ‌ြေခအနေအရ ရော်ဘာစိုက်ပျိုးဖြစ်ထွန်းသဖြင့် တောင်သူအများစုက ရော်ဘာစိုက်ပြီး ဝမ်းစာစပါးတွဲဘက်စိုက်ပျိုးကြသည်။ ပုံမှန်အားဖြင့် လုပ်ကွက် ၃ ဟက်တာရှိပြီး ရော်ဘာကို ၁.၅ ဟက်တာ၊ အုန်းနှင့် သစ်သီးပင်ဧရိယာအချို့လည်း စိုက်ပြီး ကျန်ဧရိယာတွင် စပါးစိုက်သည်။ တောင်ဘက်အဖျားဆုံး ြပည်နယ် ၃ ခုတွင် လုပ်ကွက်အရွယ်အစား ပိုမိုသေးငယ်ပြီး ပျမ်းမျှ ၂ ဟက်တာ ြဖစ်သည်။

‌ြေမယာအသုံးချမှုနှင့် ‌ြေမဆီလွှာ

အကြမ်းအားဖြင့် ထိုင်းနိုင်ငံ၏ ၅ ပုံ ၂ ပုံမှာ တောင်စွယ်တောင်တန်းများ ဖုံးလွှမ်းလျက် ရှိရာ အလွန်မတ်စောက်သော နေရာများတွင် စိုက်ပျိုးရေးမလုပ်နိုင်ပေ။ မည်သို့ဆိုစေ တောင်တန်း ဧရိယာများ၏ ၁၀ ရာခိုင်နှုန်းခန့်အထိမှာ စူးစမ်းလေ့လာမှုများ ပြုလုပ်ပြီး စိုက်ပျိုးရေးအတွက် အသုံးချနိုင်မည်ဖြစ်သည်။ ၁၉၇၀ ပြည့်လွန်နှစ်များက ပြုလုပ်သော မြေယာအသုံးချရန် သင့်တော်မှု ခန့်မှန်းချက်အရ တောင်တန်းဒေသများ၏ ၅၈ ရာခိုင်နှုန်း မှာ စိုက်ပျိုးနိုင်သောမြေ ဖြစ်သည် (လွန်ခဲ့သည့် ဆယ်စုနှစ် ၂ ခုခန့်က ၂၄ ရာခိုင်နှုန်းဟု ခန့်မှန်းခြင်းနှင့် နှိုင်းယှဥ်ကြည့်နိုင်သည်)။ ယင်းအနက် ၁၉ ရာခိုင်နှုန်းမှာ စပါးစိုက်ပျိုးရန် အတွက်လည်းကောင်း၊ ၂၈ ရာခိုင်နှုန်းမှာ ယာသီးနှံများ စိုက်ပျိုးရန်အတွက်လည်းကောင်း၊ ၁၁ ရာခိုင်နှုန်းမှာ စပါးရော ယာသီးနှံပါ စိုက်ပျိုးရန်အတွက်လည်းကောင်း သင့်တော်သည်ဟု ခန့်မှန်းထားသည်။ ၁၉၇၀ ပြည့်လွန်နှစ်များ၏ အလယ်ပိုင်းခန့်မှန်းချက် အရ - လက်ဝယ်ရှိ မြေအားလုံးတွင် သီးနှံစိုက်ပျိုးနိုင်ခြင်း မရှိသော်လည်း - သီးနှံစိုက်ပျိုးရန် လက်ဝယ်ရှိ‌ြေမမှာ စုစုပေါင်း‌ဧရိယာ၏ ၄၃ ရာခိုင်နှုန်းရှိသည်။

တစ်နိုင်ငံလုံးရှိ မြေအများဆုံးမှာ မြေဆီသြဇာဓါတ် ညံ့ဖျင်းသည်။ ဧရိယာအများစုမှာ မိုး သည်းထန်စွာ ရွာသွန်းပြီး မိုးရေတွင် ပါရှိဆုံးရှုံးခြင်းကြောင့်ဖြစ်သည်။ ကွဲပြားခြားနားသော မိခင်ကျောက်သား၊ ရွာသွန်းသည့် မိုးရေချိန်အနည်းအများ၊ ခြောက်သွေ့နှင့် စိုစွတ်ရာသီ ကာလအတိုအရှည်၊ သဘာဝပေါက်ပင်များနှင့် အခြားသောသဘာဝအ‌ြေခအနေများအရ ‌ြေမဆီလွှာများမှာလည်း မတူကွဲပြားကြသည်။ ယေဘုယျအားဖြင့် ကျောက်တုံးကျောက်ခဲ များပြီး မြေဆီလွှာပါးသည့် လက္ခဏာကို မြောက်ပိုင်းတောင်ပေါ်ဒေသများတွင် တွေ့ရသည်။ ဧရိယာအများစုတို့ကို တောင်ပေါ်သားများက ရှေးရိုးစဥ်ဆက် ရွှေ့ပြောင်းတောင်ယာ ခုတ် ထွင်လုပ်ကိုင်ခဲ့သည်။ လူရ (လဝ ဟုလည်းခေါ်သည်)နှင့် ကရင် လူမျိုးတို့သည် စိုက်ပျိုးရေးအတွက် ကာလတိုအသုံးပြုပြီး သစ်တော ပြန်လည်ပေါက်ပြီး မြေဆီသြဇာ ပြန်တက်လာရန် ကာလရှည်ကြာ လှပ်ထားသည်။ သုိ့သော် လူဦးရေဖိအား များပြားလာသော အခါ ဤအတိုင်း လိုက်နာရန် ခက်ခဲလာသည်။ တောင်ပေါ်သားများအနေဖြင့် တောင်ယာ စပါး အဓိကထား စိုက်သည်။ ဒုတိယအရေးကြီးဆုံးသီးနှံမှာ အစေ့ထုတ်ပြောင်းဖြစ်သည်။ မုန်း၊ လီဆူးနှင့် အချို့သော တောင်ပေါ်သားတို့သည် စီးပွားဖြစ်သီးနှံအဖြစ် ဘိန်း စိုက်ကြ သည်။ ဤသို့ဖြင့် ပြည်တွင်းတည်ငြိမ်ရေးနှင့် နိုင်ငံတကာဆက်ဆံရေးများတွင် ရှုတ်ထွေးမှုများ ဖြစ်ပေါ်စေသည်။ ထိုင်းအာဏာပိုင်များအနေဖြင့် ပြည်ပထောက်ပံ့မှုများ အများအပြား ရယူပြီး ဆေးရွက်ကြီးနှင့် ကော်ဖီအပါအဝင် အခြားစီးပွားဖြစ်သီးနှံများ ပြောင်းလဲစိုက်ပျိုးရေးကို ၁၉၈၀ ပြည့်နှစ်များတွင် တိုးမြှင့်ဆောင်ရွက်ခဲ့သည်။

နိုင်ငံမြောက်ပိုင်း အနိမ့်ပိုင်းနေသူများသည်လည်း ယင်းတို့၏ လျှိုမြှောင်များနှင့် များစွာ မဝေးသော နေရာများတွင် ရွှေ့ပြောင်းတောင်ယာစိုက်ကြသည်။ လျှိုမြှောင်များမှာ အများ အားဖြင့် မြေပိုကောင်းပြီး မြေဆီသြဇာဓါတ် အလယ်အလတ်မှ အမြင့်ထိ ရှိရာ ဆည်ရေ သောက်စပါး စိုက်ကြသည်။ လူဦးရေဖိအားများသော ဒေသများတွင် အမြင့်ပိုင်း၌ ရွှေ့ပြောင်း တောင်ယာစိုက်ကြသည်။ အနိမ့်ပိုင်း သီးနှံထုတ်လုပ်မှုကို ထပ်မံဖြည့်စွကပေးနိုင်ရန် ြဖစ်သည်။ အခြားသီးနှံများ စိုက်ပျိုးသော်လည်း အဓိကသီးနှံမှာ တောင်ယာစပါးဖြစ်သည်။

ခိုရပ်ကုန်းမြင့်ဒေသတွင် ပါးလွှာသော သဲနုန်းဖုံးလွှမ်းဧရိယာများ တွေ့ရသည်။ အကြမ်း အားဖြင့် ‌ြေမဆီသြဇာ ညံ့ဖျင်းသောကြောင့် စီးပွားရေးတွင်လည်း ညံ့ဖျင်းသည်ဟု ဆိုနိုင်သည်။ အဓိကမြစ်ကြီးများတလျောက်တွင် မြေဆီသြဇာပိုကောင်းသည်။ မြေသြဇာ ထက်သန်သော နုန်းတင်‌ြေမနုများကို မဲခေါင်မြစ်တလျောက်တွင် တွေ့ရသည်။ အရှေ့မြောက် ဒေသ၏ ၅ ပုံ ၁ ပုံခန့် (ဟက်တာ ၃.၅ သန်းခန့်) မှာ အနိမ့်ပိုင်းမြေများဖြစ်ရာ စပါးစိုက်ရန် ပြောင်းလဲခဲ့သည်။

အလယ်ပိုင်းမြေပြန့် စပါးစိုက်ဒေသ၊ မဲနမ်(မြစ်)မြစ်ဝကျွန်းပေါ်ဒေသ ချောင်ဖရာတို့တွင် ရွံ့စေးမြေများဖြစ်ပြီး သြဇာဓါတ် အလတ်မှ အမြင့်ထိရှိသည်။ အနိမ့်ပိုင်း ညီညာပြန့်ပြူးကာ မိုးရာသီတွင် ရေဝပ်နေသောမြေများ ရှိသည်။ မြေပြန့်၏ နှုတ်ခမ်းသတ်ရှိ အမြင့်ပိုင်းများမှာ အများအားဖြင့် ရေစိမ့်အားကောင်းပြီး အမြင့်မှ အလတ်ထိ မြေဆီသြဇာဓါတ်ရှိရာ သီးနှံ တိုးချဲ့စိုက်ပျိုးရန် သင့်လျော်သည်။ ယင်းမြေများတွင် အစေ့ထုတ်ပြောင်းနှင့် ကြံကို ကျယ်ပြန့်စွာ စိုက်ပျိုးကြသည်။ အခြားသော အသုံးဝင်သည့် မြေအမျိုးအစားများမှာ ကမ်းမြောင်ဒေသတွင် ရော်ဘာစိုက်ပျိုးသော ရေစိမ့်အားကောင်းသည့် ရွှံ့စေးဆန် နုန်းဆန် သည့် မြေများဖြစ်သည်။

လယ်သီးစားစံနစ်

အစဥ်အလာအားဖြင့် ဘုရင်သည် မြေယာအားလုံးကို ပိုင်သည်။ ဘုရင်က မှူးမတ်များ၊ အရာရှိများနှင့် အခြားပုဂ္ဂိုလ်များကို ဂရန်ချပေးသည်။ ၃ နှစ်ဆက်တိုက် မစိုက်မပျိုးဘဲထား လျှင် ပြန်လည်သိမ်းယူခြင်းခံရမည်ဖြစ်ပြီး သို့မဟုတ်ပါက အမွေပေးနိုင်၊ ပေါင်နှံနိုင်၊ ရောင်းချနိုင်သည်။ တချိန်တည်းမှာပင် မစိုက်ပျိုးသေးသော မြေများအလျှံပယ်ပေါများ၍ ရိုးရာထုံးတမ်းကို မလိုက်နာဘဲ ‌ြေမယာကို ရှင်းလင်းခုတ်ထွင် စိုက်ပျိုးနိုင်သည်။ ၃ နှစ် ဆက်တိုက်စိုက်ပျိုးပြီးပါက မြေယာပိုင်ခွင့်ရသည်။ တစ်ဦးချင်း မြေယာပိုင်ဆိုင်မှု သဘောကို ဘုရင် ချူလာလောင်ကွန် (ရာမ ၄၊ ၁၈၆၈ - ၁၉၁၀) လက်ထက်တွင် စတင်ကျင်‌့သုံးခဲ့ကာ စနစ်တကျ ဦးပိုင်စံနစ်ကို ၁၉၀၁ ခုနှစ်တွင် စတင်ခဲ့သည်။

၁၉၈၀ ပြည့်လွန်နှစ်များ၏ အလယ်ပိုင်းကာလတွင် ဦးပိုင်စနစ်မှာ ၁၉၅၄ ခုနှစ်ကပြဌာန်း သော မြေယာကိုဓဥပဒေပေါ်တွင် အခြေခံသည်။ ယင်းကိုဓဥပဒေတွင် ပိုင်ရှင်ကိုယ်တိုင် စီမံခန့်ခွဲဆောင်ရွက်နိုင်သော ကိစ္စများမှအပ အများဆုံးပိုင်ဆိုင်ခွင့်ပြုသော ‌ြေမယာ အကျယ်အဝန်းမှာ ၈ ဟက်တာဖြစ်သည်။ သို့သော်လည်း ဤကန့်သတ်ချက်ကို အများအားဖြင့် မျက်ကွယ်ပြုကြရာ ၄ နှစ်အကြာတွင် ပြန်လည်ပြုပြင်ရေးဆွဲခဲ့သည်။ နည်းဥပဒေတခုအရ အကန့်အသတ်မရှိ ပိုင်ဆိုင်မှုကို ကွင်းမြေပုံများ ရေးဆွဲပြီးမှသာ ထုတ်ပေးသည်။ ပိုင်ရှင်တစ်ဦးအနေဖြင့် မိမိအမည်ဖြင့် ဦးပိုင်ပေါက်ရန် အနည်းဆုံး အဆင့် ၂ ဆင့် ကြိုတင်ဆောင်ရွက်ရန် လိုသည်။ ရှေးဦးစွာ အသုံးမပြုသေးသော မြေကို ရယူ၍ ထွန်ယက်စိုက်ပျိုးခွင့် လျှောက်ထားရသည်။ ထိုအခါ အမည်မပေါက်သော်လည်း ယာယီ လုပ်ကိုင်ခွင့်ပါမစ် ရရှိသည်။ ယင်းမြေ၏ ၇၅ ရာခိုင်နှုန်းကို ထွန်ယက်စိုက်ပျိုးပြီးသောအခါ စိုက်ပျိုးကြောင်း ထောက်ခံချက်ကို မြေပိုင်ရှင်က တောင်းဆိုနိုင်သည်။ သို့မှသာ မြေယာကို အမြဲတန်း ပိုင်ဆိုင်ခွင့်၊ အမွေဆက်ခံသူများ လွှဲပြောင်းပေးခွင့် အခွင့်အရေးများရရှိမည် ဖြစ်သည်။ ဦးပိုင်ပေါက် မကြာမီ ြဖစ်တော့မည်ဟု တာဝန်ခံချက် ရရှိသည်‌့ သဘောလည်း ဖြစ်သည်။ ‌ြေမယာကို ရောင်းချ လွှဲပြောင်းပေးရန်ကား အလွန်အမင်း ခက်ခဲလှသည်။ အများ အားဖြင့် စိုက်ပျိုးကြောင်း ထောက်ခံချက်ကို ဘဏ်များက အပေါင်အဖြစ်ထားရန် လက်ခံ လေ့မရှိကြပေ။ အ‌ြေခတကျမနေဘဲ လှည့်လည်သွားလာနေသူများအနေဖြင့်လည်း ‌ြေမယာ မှာ အမြဲတမ်း သစ်တောကြိုးဝိုင်းဧရိယာ၊ အများပြည်သူအတွက် နေရာ မဟုတ်ပါက ပိုင်ဆိုင်ခွင့်ပါမစ် ရရှိနိုင်သည်။ ကျေနပ်လောက်ဘွယ်် တိုးတက်မှုများ ဆောင်ရွက်နိုင်ပါက စိုက်ပျိုးကြောင်းထောက်ခံချက်နှင့် ဦးပိုင်ပေါက်အဖြစ် ထုတ်ပေးသည်။ ၁၉၅၀ လွန် နှစ်များတွင် ဦးပိုင်စာရင်း ထုတ်ပေးမှုမှာ နှေးကွေးနေသဖြင့် ပိုမိုမြန်ဆန်အောင် ပြုပြင်ဆောင်ရွက်ခဲ့သည်။ ၁၉၆၀ ခုနှစ်ရောက်သောအခါ စိုက်ပျိုးရေး အိမ်ထောင်စုပေါင်း ၃.၄ သန်း (ယင်းတွင် သီးစားအဖြစ် လုပ်ကုိင်သော အိမ်ထောင်စုများ မည်မျှပါဝင်သည်ကို မသိရ)အနက် ၁ သန်းထိ ဦးပိုင်စာရင်း ထုတ်ပေးနိုင်ခဲ့သည်။ ၁၉၆၀ နှင့် ၁၉၇၀ လွန် နှစ်များတွင် လုပ်ကွက်ဧရိယာများ တိုးချဲ့ လာသည်နှင့်အမျှ အမျိုးမျိုးသော ဦးပိုင်စာရင်းများလည်း တိုးတက်များပြားလာခဲ့သည်။ ဦးပိုင်စာရင်းလုပ်ငန်းများ လျင်မြန်စွာ ဆောင်ရွက်နိုင်ရန်အတွက် ပြည်ထဲရေးဝန်ကြီးဌာန၊ ‌ြေမယာဌာနသည် ၁၉၇၀ ခုနှစ် ကာလများတွင် ကွင်းဆင်းမြေတိုင်းသည့်နေရာတွင် လေကြောင်းဓာတ်ပုံများ အသုံးပြု ဆောင်ရွက်ခဲ့သည်။ ၁၉၈၀ လွန်နှစ်များတွင် နိုင်ငံ၏ အဓိကလုပ်ကွက်ငယ်လယ်သမား အများစုမှာ မြေယာများတွင် လုပ်ကိုင်သည့်တိုင် အမည်ပေါက်ရန် ကျန်ရှိဆဲ ဖြစ်နေခဲ့သည်။ ၁၉၈၂ ခုနှစ်ရောက်သောအခါ ဦးပိုင်ဆောင်ရွက်ပြီး မိသားစုဦးရေမှာ ၃.၉ သန်းရှိသည်။ ၁၉၇၆ ခုနှစ် ခန့်မှန်းချက်တစ်ရပ်တွင် ဦးပိုင်ပေါက်သူဦးရေမှာ ၆၀ ရာခိုင်နှုန်းရှိသည်ဟု ခန့်မှန်းထားသည်။ ကျန်ရှိသော ၄၀ ရာခိုင်နှုန်းသော မြေပိုင်ရှင်များမှ လုံခြုံစိတ်ချမှု မရှိသည်သာမက ဘဏ်မှ ချေးငွေရရှိရေးတွင်ပါ အခက်အခဲများ ရှိနေကြောင်း ဖော်ပြနေသည်။ ၁၉၈၀ လွန်ကာလများ၏ အလယ်ပိုင်းကာလ၏ အဓိကမေးခွန်းတစ်ခုမှာ ရယူထားသော မြေယာမှ သတ်မှတ်ထားသော ဧရိယာမှမဟုတ်လျှင် တရားဝင်ဦးပိုင်ပေါက် အောင် မည်သုိ့ပြုလုပ်မည်နည်းဆိုသည့် မေးခွန်းဖြစ်သည်။ မည်မျှဟုမသိသော်လည်း ပမာဏအားဖြင့် ကြီးမားသော အတည်တကျမဟုတ်သည့် မိသားစုများ ရှိနေသည်။ အများစုမှာ တောင်ပေါ်တိုင်းရင်းသားများ ဖြစ်ကြသည်။ အစိုးရက သစ်တောမြေတွင် ကျူးကျော်ထွန်ယက်စိုက်ပျိုးခြင်းမှာ တရားမဝင်ဟု သတ်မှတ်သော်လည်း လက်ရှိ ဒေသ အာဏာပိုင်များကမူ အသိအမှတ်ပြုထားကြသည်။ လေ့လာသူများက သစ်တောအတွင်း ကျူးကျော်စိုက်ပျိုး‌ြေမများကို စိုက်ပျိုးရန် သင့်တော်သော်လည်း လွဲမှားစွာ အတန်းအစား ခွဲထားကြသည်ဟု ဖော်ထုတ်ကြသည် (၁၉၇၀ လွန်နှစ်များ နောက်ပိုင်းတွင် ပြန်လည် အတန်းအစားခွဲခြားခြင်း တချို့ရှိသည်)။ နိုင်ငံ၏ မြေယာဥပဒေများ ရေးဆွဲရာတွင်လည်း အနိမ့်ပိုင်းမြေယာများကိုသာ စိုက်ပျိုးမြေအဖြစ် ယူဆသတ်မှတ် ရေးဆွဲကြသည်။ တနည်းအားဖြင့် တောင်ပေါ်မြေယာများကို စိုက်ပျိုးမြေမဟုတ်ဟု သတ်မှတ်ကြသည်။ သို့ဖြစ်ရာ ‌ြေမာက်ပိုင်းဒေသ မြေယာအများစုကြီးမှာ မြေယာမှတ်ပုံတင်စနစ်တွင် ပါဝင်ခြင်း မရှိဘဲ ယင်းဒေသနေ တောင်ပေါ်သားတို့မှာလည်း သူတို့စိုက်ပျိုးလုပ်ကိုင်မြေ အတွက် တရားဝင် ဦးပိုင်အမည်ပေါက်ခွင့်မရဘဲ ဖြစ်နေရလေသည်။

သီးစားခနှင့် မြေယာပြုပြင်ပြောင်းလဲရေး

ရှေးအစဥ်အလာအားဖြင့် သီးစားချထားခြင်းကို စီးပွားဖြစ် စပါးစိုက်ပျိုးရာ အလယ်ပိုင်းလွင် ပြင်နှင့် မြောက်ပိုင်းဒေသများမှအပ အတွေ့ရနည်းလှသည်။ ဤသို့ဖြစ်ရခြင်းမှာ ၁၈၇၄ ခုနှစ် ဘုရင် ချူလာလောင်ကွန်လက်ထက်တွင် မြေယာပြုပြင်ရေး ဆောင်ရွက်ခဲ့ခြင်း၊ မြေလွတ်မြေလပ်များ ပေါများခြင်း၊ လူဦးရေဖိအားမရှိခြင်း၊ လယ်စိုက်ရန် ငွေကြေးအနည်း ငယ်သာလိုအပ်ခြင်းတို့ကြောင့်ဖြစ်သည်။ ထို့ပြင် အစဥ်အလာအားဖြင့်လည်း မြေယာ အများအပြားပိုင်ဆိုင်မှုတွင် ကန့်သတ်ချက်များရှိနေရာ တစ်နိုင်ငံလုံးခြုံကြည်‌့လျှင် လုပ်ကွက်ငယ် လွတ်လပ်သော လယ်ယာပုံစံကိုသာ တွေ့ရမည်ဖြစ်သည်။ ယင်းသို့ ဖြစ်လာ ရခြင်းတွင် ထင်ရှားသောအချက်မှာ လယ်သမားသည် မိမိကိုယ်တိုင် သို့မဟုတ် မိမိမိသားစု ကိုယ်တိုင် ထွန်ယက်လုပ်ကိုင်ရမည်၊ မိမိလုပ်ကိုင်နိုင်သော ပမာဏထက်ပိုနေပါက ကြီးကြပ် နုိင်ရမည်ဆိုသော ဥပဒေသတ်မှတ်ချက်ရှိခြင်းဖြစ်သည်။
                                                                                        
မိသားစုတစ်စု အများဆုံးထွန်ယက်လုပ်ကိုင်နိုင်သော ဧရိယာမှာ ၄ ဟက်တာဖြစ်ပြီး ကူညီ လုပ်ကိုင်သူများ ရရှိပါက ၈ ဟက်တာထိ ထွန်ယက်စိုက်ပျိုးနိုင်သည်။ ဤသည်မှာ စိုက်ပျိုး သည့် မြေအမျိုးအစားနှင့် ရာသီဥတုအခြေခအနေအပေါ်တွင် မူတည်သည်။ ၁၉ ရာစု ဥပဒေပြဌာန်းချက်များတွင် ၄ ဟက်တာ ကန့်သတ်ချက်ဖြင့် မြေယာအများအပြား ပိုင်ဆိုင်မှု ကို တားမြစ်ထားသည်။ မည်သို့ဆိုစေ မှူးမတ်များနှင့် အရာရှိကြီးများကို ဧရိယာကြီးမား ကျယ်ပြန့်စွာ ပေးသနားသည်များကား ရှိသည်။ ချူလာလောင်ကွန် ပြုပြင်ပြောင်းလဲမှုများ ကြောင့် အချို့သော ‌ြေမယာလုပ်ကွက်ကြီးများ ပြိုကွဲသေးငယ်သွားခြင်းများ ဖြစ်ခဲ့သည်။ ဤဖြစ်ရပ်များတွင် ၃ နှစ်ကြာ စိုက်ပျိုးပြီးမှ နိုင်ငံပိုငအဖြစ် ပြန်လည်ပြောင်းလဲပေးရသည်။ မြို့တော်အနီးဝန်းကျင်ရှိ မြေယာလုပ်ကွက်ကျယ်ကြီးများကိုမူ အငှါးချထားနိုင်ရာ ပိုင်ဆိုင်မှု မပြောင်းလဲပေ။ ကိန်းဂဏန်းများအရ ၂၀ ရာစုနှစ်အလယ်ပိုင်းသို့ ရောက်သောအခါ သိသာ ထင်ရှားစွာ ပြောင်းလဲသွားကြောင်း တွေ့ရသည်။ ပြဿနာတစ်ရပ်မှာ တစ်စိတ်တစ်ပိုင်း ကိုယ်ပိုင်၊ တစ်စိတ်တစ်ပိုင်း အငှါးချထားမှုများကို အတန်းအစားခွဲခြားသည့်ကိစ္စဖြစ်သည်။ ကိုယ်ပိုင် အငှါး ခွဲခြားမှုပေါ်မူတည်၍ ဆုံးဖြတ်ချက်များ ကွဲလွဲနိုင်သည်။

အချို့သောဒေသများတွင် ၉၅ ရာခိုင်နှုန်းသော လယ်သမားထုမှာ ကြွေးနွံထဲတွင် နစ်နေသည်ဟု သိရသည်။ အစိုးရ၏ ၁၉၅၀ ပြည်‌့နှစ်၊ ၁၉၆၅ ခုနှစ်  လယ်ယာသန်းခေါင် စာရင်းများအရ တစ်နိုင်ငံလုံးအတွက် အငှါးလုပ်သူ ၆.၆ နှင့် ၄.၁ ရာခိုင်နှုန်း အသီးသီး ရှိသည်။ ဒေသတစ်ခုနှင့်တစ်ခုကား များစွာ ကွာခြားလှသည်။ ၁၉၆၃ ခုနှစ်တွင် နိုင်ငံအလယ်ပိုင်း စပါးအဓိကစိုက်ပျိုးရာအလယ်ပိုင်းလွင်ပြင်ဒေသတွင် ၁၀.၇ ရာခိုင်နှုန်း ရှိသော်လည်း နိုင်ငံ‌ြေမာက်ပိုင်းဒေသတွင် ၁.၁ ရာခိုင်နှုန်းသာရှိသည်။ ၁၉၆၇-၆၈ ခုနှစ် အလယ်ပိုင်းဒေသ အထူးကွင်းဆင်းလေ့လာချက်အရ လုံးဝအငှါးလုပ်ကိုင်သူ ၂၂.၅ ရာခိုင်နှုန်းရှိသည် (တစ်စိတ်တစ်ပိုင်း ငှါး- တစ်စိတ်တစ်ပိုင်း ကိုယ်ပိုင် လုပ်သူမှာ နောက်ထပ် ၁၅.၈ ရာခိုင်နှုန်းရှိသည်)။ ကျန်သူများမှာ လုံးဝကိုယ်ပိုင်လုပ်ကိုင်သူများ ဖြစ်ကြသည်။ အလယ်ပိုင်းဒေသ အထူးသဖြင့် ဗန်ကောက်အနီး စီးပွားဖြစ်စိုက်ပျိုးထုတ်လုပ်သည့် ခရိုင် များတွင် ၁၉၇၀ ပြည့်လွန်နှစ်အလယ်ပိုင်း၌ ကိုယ်ပိုင်လုပ်ကိုင်သူ ၇၅ မှ ၈၅ ရာခိုင်နှုန်းအထိ ရှိသည်ဟု အစီရင်ခံစာကဆိုသည်။ ယင်းထက်လျော့နည်းသော်လည်း များသည့်အဆင့်တွင် ပါဝင်သောနှုန်းထားကို အခြားသော အလယ်ပိုင်းလွင်ပြင်ဒေသတွင် တွေ့ရသည်။ ဤသို့ နှုန်းထားမြင့်မားနေရခြင်း အကြောင်းရင်းများစွာရှိရာ ဗန်ကောက်မြို့အနီးဝန်းကျင်‌ြေမယာ များကို ဘုရင်ကပေးသနားရာမှ အဆင့်ဆင့်အမွေဆက်ခံရရှိခြင်း၊ တူးမြောင်းများ တူးဖော် ခြင်းအတွက် မြေများ အစားပြန်ရခြင်း၊ ၁၉၅၀ ပြည့်နှစ်များမှစ၍ အထူးသဖြင့် ဗန်ကောက်တွင် နေထိုင်သူများ အများစုပါဝင်သည့် သူများက ‌ြေမယာရင်းနှီးမြှုပ်နှံမှုများ  ပြုလုပ်လာကြခြင်းအကြောင်းများ ပါဝင်သည်။ ဗန်ကောက်ဧရိယာ ဒေသကြီး ၄ ခုနှင့် စပ်လျဥ်း၍ ၁၉၇၅ ခုနှစ် ထုတ်ဝေသောစာရင်းများအရ ၁၆၀ မှ ၁၆၀၀ ဟက်တာထိ ပါဝင် သော လုပ်ကွက်ကြီးများ ၁၁၉ ခုထိရှိပြီး စုစုပေါင်း ပိုင်ဆိုင်ဧရိယာ ၆၀၀၀၀ ဟက်တာရှိ ကြောင်း သိရသည်။ အလယ်ပိုင်းလွင်ပြင်ဒေသ၏ အခြားအကြောင်းရင်းတစ်ရပ်မှာ တောင်သူလယ်သမားများ အကြွေးပြန်မဆပ်နိုင်၍ လယ်ယာမြေများ လက်လွှတ်ရခြင်းလည်း ပါဝင်သည်။ လုပ်ကွက်ငယ် လယ်ယာအများစုကို စတိုးပိုင်ရှင်များ၊ လက်မှုပညာသည်များနှင့် အခြား တောင်သူလယ်သမားများက ပိုင်ဆိုင်ထားကြသည်။

၁၉၇၃-၇၄ ခုနှစ် လယ်ယာသန်းခေါင်စာရင်းများအရ အခြားဒေသများ၏ သီးစားချထားမှု ကို သိရှိနိုင်သည်။ နိုင်ငံမြောက်ပိုင်းတွင် လုံးဝအငှါးစိုက်သူ ၄ ရာခိုင်နှုန်း၊ တစ်ဝက်တစ်ပိုင်း ပိုင် တစ်ဝက်တစ်ပိုင်း ငှါးသူ ၂၅ ရာခိုင်နှုန်းနှင့် ကိုယ်ပိုင် ၆၉ ရာခိုင်နှုန်း ရှိသည်။ မြောက်ပိုင်း၏ အရှေ့တောင်ဘက်ဒေသများမှာ အလယ်ပိုင်းလွင်ပြင်ဒေသနှင့် အခြေအနေဆင်တူပြီး တောင်သူလယ်သမား အများစုမှာ ယင်းတို့၏ ‌ြေမယာတစ်စိတ်တစ်ပိုင်းကိုဖြစ်စေ၊ အားလုံး ကိုဖြစ်စေ အငှါးချထားသည်ဟု ဆိုသည်။ အရှေ့မြောက်ဒေသတွင်မူ လုံးဝအငှါးသမား မဖြစ် စလောက်သာရှိသည်။ ၈၉ ရာခိုင်နှုန်းမှာ အပြည့်အဝ ကိုယ်ပိုင်ြဖစ်ကာ ၈ ရာခိုင်နှုန်းမှာ ကိုယ်ပိုင်တဝက်-အငှါးတဝက် ြဖစ်သည်။ တောင်ပိုင်းဒေသတွင်လည်း အငှါးသမား အနည်း ငယ်မျှသာရှိသည်။ ၈၃ ရာခိုင်နှုန်းမှာ ကိုယ်ပိုင်၊ ၁၆ ရာခိုင်နှုန်းမှာ ကိုယ်ပိုင်-အငှါး ရောရာ ြဖစ်သည်။ တစ်စိတ်တစ်ပိုင်း ကိုယ်ပိုင်၊ တစ်စိတ်တစ်ပိုင်း အငှါးများ ဖြစ်ပေါ်လာရခြင်းမှာ တစ်စိတ်တစ်ဒေသအားဖြင့် အစ္စလာမ်ဘာသာ အမွေဆက်ခံခွင့် ဥပဒေသများအရ သားသမီးများကို ‌ြေမယာအညီအမျှ ခွဲစိတ်ပေးြခင်းကြောင့် ြဖစ်သည်။ ယင်းသို့ ခွဲဝေရရှိ‌ြေမ မှာ မိသားစုအတွက် လုံလောက်မှုမရှိသောအခါ မြေကို ငှါးရမ်းကြရသည်။ ဤသို့ ဖြစ်ရခြင်း မှာ ဆိုးသည်ဟု မဆိုသာပေ။ ကိစ္စရပ်များစွာမှာ ငွေကြေးအရ အကျိုးရှိမည်ဟု တောင်သူ မိသားစုများက ယုံကြည်သဖြင့် ငှါးရမ်းကြခြင်း ြဖစ်သည်။ နိုင်ငံ၏ ဆင်းရဲသား လယ်သမား အများစုအကြားတွင် သီးစား မတည်ငြိမ်မှုများ ၁၉၇၀ လွန်နှစ်များ အဦးပိုင်းတွင် ဖြစ်ပေါ်လာ ခဲ့သည်။ သီးစားယူသူအများစုက ကျေနပ်မှုမရှိသည်မှာ သီးစားခပမာဏသာမက သီးစားချ ရာတွင် တစ်နှစ်ထက်မကျော်လွန်ဘဲ နှုတ်ကတိဖြင့်သာ ချထားခြင်းဖြစ်ပြီး အသစ်ပြန်ချမချ မရေရာခြင်းဆိုသည့် အချက်လည်း ပါသည်။ ၁၉၅၀ ပြည့်နှစ်တွင် သီးစားချထားမှုထိန်းချုပ် ရေးဥပဒေ အလယ်ပိုင်းလွင်ပြင်ဒေသအချို့အတွက် ထွက်ပေါ်ခဲ့သော်လည်း ထိရောက်မှု ကား မရှိခဲ့ပေ။ ၁၉၇၃ ခုနှစ်တွင် အာဏာရရှိလာသော အရပ်သားအစိုးရ သီးစားခနှင့် မြေယာပြုပြင်ရေး ဆောင်ရွက်ရန် ကတိပြုခဲ့သော်လည်း အရေးယူဆောင်ရွက်မှုများ ဆောလျင်စွာ ထွက်ပေါ်လာခြင်းမရှိသဖြင့် တောင်သူလယ်သမားတို့၏ မကျေနပ်ချက်များ ကြီးထွားလာကာ ၁၉၇၄ ခုနှစ် မေလနှင့် ဇွန်လတို့တွင် ဆန္ဒပြမှုများ ြဖစ်ပွားခဲ့သည်။ ၄င်းနှစ် ဒီဇင်္ဘာလတွင် ၁၉၇၄ ခုနှစ် စိုက်ပျိုးမြေ သီးစားခကန့်သတ်ရေး ဥပဒေ ဟုခေါ်တွင်သော သီးစားခပြုပြင်ပြောင်းလဲရေး ဥပဒေတစ်ရပ်ကို အစိုးရက အတည်ပြုပြဌာန်းခဲ့သည်။ ယင်းဥပဒေအရ ၆ နှစ်သက်တမ်းရှိ ‌ြေမငှါးကန်ထရိုက်ကို အကန့်အသတ်မရှိ ထပ်မံငှါးခွင့် ချုပ်ဆိုနိုင်သည်။ မြေငှါးခကို တစ်နှစ်တစ်ကြိမ်သာ ပေးရန်နှင့် မည်မျှပေးရမည်ကို တွက်ချက်ပုံနည်းလမ်းများ ဖော်ပြပါရှိသည်။ ထို့ပြင် သီးနှံထွက် ညံ့ဖျင်းပါက မြေငှါးခကို လျှော့ပေါ့သတ်မှတ်ရန်နှင့် ပုံမှန်သီးနှံထွက်၏ ၃ ပုံ ၁ ပုံအောက်သာ ထွက်ရှိက ‌ြေမငှါးခ မပေးရန် သတ်မှတ်ပါရှိသည်။

သီးစားခနှင့် ထပ်တူညီမျှ အရေးပါသော အခြားပြဿနာတစ်ရပ်ြဖစ်သော ၁၉၈၀ လွန်နှစ်များ အစောပိုင်းကာလတွင် ဦးရေအားဖြင့် ၅ သိန်းမှ ၇ သိန်းထိ ရှိသော ‌ြေမမဲ့ယာမဲ့များနှင့် ပတ်သက်၍လည်း အရပ်သားအစိုးရက ၁၉၇၅ ခုနှစ် စိုက်ပျိုး‌ြေမ ပြုပြင်ပြောင်းလဲရေး ဥပဒေကို ကျယ်ပြန့်စွာ အကျိုးရလာဒ်များ ရရန်အတွက် ကန့်ကွက်မှု များကြားမှ လွှတ်တော်တွင် တင်ပြ ပြဌာန်းဆောင်ရွက်ခဲ့သည်။ ဥပဒေအရ လယ်ယာစိုက်ပျိုး ရေးနှင့် သမဝါယမ ဝန်ကြီးဌာနတွင် ‌ြေမယာပြုပြင်ပြောင်းလဲရေးရုံးများ တည်ထောင် ဆောင်ရွက်ရန် ြဖစ်သည်။ ဥပဒေတွင် မြေယာမဲ့များနှင့် သီးစားခံလယ်သမားတို့သည် ၈ ဟက်တာထိသော‌ြေမကို အရစ်ကျစံနစ်ြဖင့် နှစ်ရှည်ပေးချေ ချထားခံခွင့်ရှိသည်။ ချထားမည့် ‌ြေမများမှာ ပုဂ္ဂလိကထံမှ ဝယ်ယူရရှိ‌ြေမ၊ သစ်တောမြေနှင့် ဘုရင့်‌ြေမများ ဖြစ်သည်။ တစ်ဦးချင်း မြေပိုင်ရှင်များသည် ၈ ဟက်တာကို မိမိအတွက် ချန်လှပ်၍ ကျန်‌ြေမများကို ပြန်လည်အပ်နှံရန် ဖြစ်သည်။ အချို့သော အခြေအနေတွင် မြေပိုင်ဆိုင်ခွင့်ရှိသော်လည်း ယင်းအ‌ြေခအနေများ မရှိတော့ပါက ခွဲဝေရန် ပြန်လည်အပ်နှံရမည်ဖြစ်သည်။ ငွေပေးချေ ရာတွင် ၂၅ ရာခိုင်နှုန်းကို ငွေသားဖြင့် ပေးချေပြီး ကျန်ငွေကို အစိုးရဘွန်းများဖြင့် ပေးချေရန် ဖြစ်သည်။ ၁၉၇၆ ခုနှစ်၊ အောက်တိုဘာလတွင် အရပ်သားအစိုးရ အာဏာသိမ်းခံရသော အခါ ဥပဒေ၏ ရည်မှန်းချက်များလည်း ပြောင်းလဲသွားပြီး ဆောင်ရွက်ချက်များ နှေးကွေးသွား လေသည်။ ဝန်ကြီးချုပ် သာနင်ခရိုင်ဗီချီယန်ဦးဆောင်သော စစ်အစိုးရက ြေမယာပြုပြင် ပြောင်းလဲရေးလုပ်ငန်းများကို ဟက်တာ ၁.၆ သန်းထိ ၄ နှစ်ကြာ ဆက်လက်ဆောင်ရွက် သွားမည် ဖြစ်ကြောင်း ကြေညာခဲ့သည်။ ၁၉၇၇ ခုနှစ်၊ နိုဝင်္ဘာလတွင် နောက်ထပ် စစ်တပ်မှ အာဏာသိမ်းပြီး ဝန်ကြီးချုပ် ခရီယမ်ဆက် ချွန်မာနန် အာဏာရလာသောအခါ ဖော်ပြပါ ရည်မှန်းချက်ကို အမှန်တကယ်ဆောင်ရွက်နိုင်မည့် ဟက်တာ ၃ သန်းကို ၅ နှစ်ကြာ ဆောင်ရွက်မည်ဟု ြပင်ဆင်ပြောင်းလဲခဲ့သည်။ ၁၉၇၉ ခုနှစ် နှစ်ဦးပိုင်းတွင် နိုင်ငံအနှံ့ရှိ နေရာဒေသ ၈၀ ခုကို မြေယာပြုပြင်ရေးဆောင်ရွက်မည့်နေရာများအဖြစ် သတ်မှတ်ခဲ့သည်။ တပြိုင်တည်းမှာပင် သီးစားခမှာ ပြဿနာတစ်ရပ်ဖြစ်သော်လည်း သစ်တောထဲတွင် လှည့်လည်ကျူးကျော်စိုက်ပျိုးနေသူများ၏ အခြေအနေကို မြှင့်တင်ပေးရန်မှာ ပဓာနကျသော ပြဿနာဖြစ်သည်ဟု ရှုမြင်ယူဆချက် ပြောင်းလဲလာသည်။ မြေယာပြုပြင် ပြောင်းလဲမှုများ ဆောင်ရွက်ရန် သတ်မှတ်ဧရိယာတွင် သီးစားခနှုန်းမြင့်မားသည့် ဧရိယာများ ပါရှိသည်။ သို့သော် ရည်မှန်းချက်အသစ်အရ သစ်တောကျူးစိုက်သူများအတွက် ဆောင်ရွက်ပေးရခြင်းမှာ အလယ်ပိုင်း မြေပြန့်လွင်ပြင်တွင် မြေယာများ ပြန်လည်ရယူ ခွဲဝေ ချထားရခြင်းထက် ပိုမိုလွယ်ကူသည့်ပုံ ြဖစ်နေလေသည်။ ကြေးရေတတ်များ၊ လုပ်ငန်းရှင်များ၊ စစ်တပ် ထိပ်တန်း အရာရှိများ ပါဝင်သော မြေပိုင်ရှင်ကြီးများက အပြင်းအထန် ကန့်ကွက်ခဲ့ကြလေသည်။ အစီအစဥ်အရ သစ်တောကျူးစိုက်သူများကို တရားဝင် ဦးပိုင်ပေးရန်၊ လမ်းပန်းဖောက်လုပ်ပေးရန်၊ လိုအပ်ငွေများ ထုတ်ချေးရန်ဖြစ်သည်။ အစီအစဥ်ပါဒေသတွင် ပြည့်စုံသော သမဝါယမအသင်းများ ထူထောင်သွားရန်ြဖစ်သည်။ စီမံကိန်းအစီအစဥ်များ အကောင်အထည်ဖော်ရာတွင် ၂ နှစ်ခန့်ကြာမည်ြဖစ်ပြီး ပထမ ၁ နှစ်ခွဲမှာ အ‌ြေခခံလမ်းပန်း လိုအပ်ချက်များ ဖြည့်ဆည်းပြီး ဦးပိုင်ချပေးရန် ဖြစ်သည်။ မြေရရှိသူအနေဖြင့် အမွေပေးခွင့်ရှိသော်လည်း ပုဂ္ဂလိကသို့ ရောင်းချခွင့်ပြုမည် မဟုတ်ပေ။ ဦးပိုင်ကို အပေါင်အဖြင့် ငွေချေးယူရာတွင် အသုံးပြုခွင့် ရရှိမည်ဖြစ်သည်။ အစိုးရ၏အဆိုအရ မြေယာပြုပြင်ပြောင်းလဲရေးဆောင်ရွက်ပြီးစီးမှု ၁၉၇၈ ခုနှစ်ထိ ဟက်တာ ၃.၂ သိန်းရှိပြီး အများစုမှာ ပုဂ္ဂလိကမြေယာများဖြစ်ကြောင်း၊ ထပ်မံခွဲဝေချထားရန် အသင့်ရှိသော ဧရိယာမှာ ဟက်တာ ၁.၆ သိန်းရှိကြောင်း သိရှိရသည်။
Copyright © 2007 GMS - AIN.ORG , Support by ADB