ပင်မစာမျက်နှာစီစဥ်သူများမိတ်ဘက်များဆက်သွယ်ရန်အကူအညီ
ပင်မစာမျက်နှာ>>>GMS မိတ်ဆက် >>>လာအို
ရှာရန်
GMS မိတ်ဆက်
လာအိုနိုင်ငံ၏ စိုက်ပျိုးရေး

ြပည်သူအများစုကြီး၏ အသက်မွေးဝမ်းကျောင်းမှာ လယ်ယာလုပ်ငန်းဖြစ်ပြီး အများစုမှာ ဆန်စပါးစိုက်ပျိုးထုတ်လုပ်မှုလုပ်ငန်းတွင် ပါဝင်နေကြသည်။ ပုံမှန်နှစ်များ တွင် လာအိုနိုင်ငံ သည် ဆန်ဖူလုံသည်။ ပုဂ္ဂလိက လယ်ယာပိုင်ဆိုင်မှုနှင့် စျေးကွက်ဆွဲဆောင်မှုများ အောင်ြမင် နေကြောင်း ထင်ဟပ်နေပေသည်။ အမျိုးမျိုးသော ရိက္ခာသီးနှံများအပြင် ကြံ၊ ဆေးရွက်ကြီး၊ ကော်ဖီကဲ့သို့သော ရောင်းချရန်် စိုက်ပျိုးသည့် သီးနှံများကိုလည်း စိုက်ပျိုးကြသည်။ မည်သို့ ဆိုစေ လယ်ယာကုန်ထုတ်လုပ်မှုမှာ သဘာဝဖောက်ပြန်မှုများပေါ်တွင်လည်း မှီတည်နေပေသည်။ လာအိုတွင် မိုးခေါင်ြခင်းနှင့် ရေလွှမ်းခြင်းများ ကြုံတွေ့ရတတ်သည်။ တခါတရံ တစ်နှစ်တည်းတွင် ၂ မျိုးလုံးနှင့် ကြုံရသည်လည်းရှိသည်။ ဆန်စပါးထွက်ရှိမှု၏ အများစုကို တောင်ပေါ်ဒေသ ရွှေ့ပြောင်းတောင်ယာစိုက်ပျိုးခြင်း (သစ်တောများကို ခုတ်ထွင် ရှင်းလင်း နှစ်အနည်းငယ်ကြာ သီးနှံစိုက်ပြီး စွန့်ပစ်ကာ သစ်တောပြန်ဖြစ်စေခြင်း) မှ ရရှိသည်။ အစိုးရက ဤစံနစ်ကြောင့် သစ်တောများ ပြုန်းတီးရသဖြင့် တောင်ပေါ်နေသူ များအား ‌ြေမပြန့်တွင် အ‌ြေခတကျ စိုက်ပျိုးရေးလုပ်ရန် ပြန်လည်နေရာချထားရေးကို ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။

အစိုးရအတွက် အခြားပြဿနာတစ်ရပ်မှာ ဘိန်းစိုက်ပျိုးခြင်းဖြစ်သည်။ အထူးသဖြင့် မုန်း ဟုခေါ်သော တောင်ပေါ်သားတို့ စိုက်ပျိုးခြင်းြဖစ်သည်။ ဘိန်းစိုက်ပျိုးမှု၏ အကျိုးအမြတ် ရရှိနိုင်မှု၊ စိုက်ပျိုးဒေသများသို့ လက်လှန်းမမီမှုများကြောင့် ဘိန်းစိုက်ပျိုးမှု လျော့ချရေးမှာ အကန့်အသတ်ြဖင့်သာ အောင်ြမင်မှုရှိသေးသည်။

လာအို၏ ကျယ်ပြောလှသော သစ်တောများမှ ကျွန်းနှင့်အခြားသစ်များ၊ ဘင်ဇိုအင်သစ်စေး၊ ဟင်းခတ်အမွှေးအကြိုင်နှင့် ချိတ်များ ထွက်ရှိသည်။ သစ်တောပြုန်းတီးမှုမှာ လောင်စာအတွက် ထင်းခုတ်ခြင်းကြောင့် ဖြစ်သည်။ သစ်တောပြုန်း၍ တောင်စောင်းများတွင် တိုက်စားမှုများဖြစ်ပေါ်ခြင်း၊ မြစ်ချောင်းများတွင် အနယ်ကျခြင်းများ ဖြစ်ပေါ်စေပြီး ရေကြီးမိုးခေါင်ခြင်းများကို ပိုမိုဆိုးရွားစေသည်။ သစ်ခုတ်လှဲမှုကို အစိုးရက ထိန်းချုပ်နိုင်ရန်မှာလည်း ဆက်သွယ်ရေးအခက်အခဲရှိခြင်း၊ တရားမဝင် ခုတ်လှဲမှုများ အလွန်အမင်း များပြားခြင်းကြောင့် အခက်အခဲများတွေ့လျှက်ရှိသည်။

ငါးဖမ်းခြင်းမှာအနိမ့်ပိုင်းနေသူများအတွက်အရေးပါလှသည်။ငါးမွေးမြူမှုများတိုးတက်လာသည်။တိရိစ္ဆာန်မွေးမြူရေးမှာလည်း၁၉၈၀ပြည့်နှစ်ကစ၍အရေးပါလာသည်။
Copyright © 2007 GMS - AIN.ORG , Support by ADB