ပင်မစာမျက်နှာစီစဥ်သူများမိတ်ဘက်များဆက်သွယ်ရန်အကူအညီ
ပင်မစာမျက်နှာ>>>GMS မိတ်ဆက် >>>တရုတ်
ရှာရန်
GMS မိတ်ဆက်
တရုတ်နိုင်ငံ၏ စိုက်ပျိုးရေး

၁၉၄၉ ခုနှစ်က တရုတ်နိုင်ငံ၏ ရိက္ခာသီးနှံ ထုတ်လုပ်မှုမှာ တန်ချိန် ၁၁၃.၁၈ သန်း၊ ဝါ ထုတ်လုပ်မှု ၄၄၄၀၀၀ တန် ရှိပြီး စိုက်ပျိုးရေးအခြေခံမှာလည်း တည်ငြိမ်မှုမရှိ ဖြစ်ခဲ့သည်။ ၁၉၅၀ နှင့် ၁၉၅၃ ခုနှစ်များအတွင်းတွင် တရုတ်အစိုးရသည် ကျေးလက်ဒေသ မြေယာ ပြုပြင်ပြောင်းလဲရေးကို ကျယ်ပြန့်စွာ ဆောင်ရွက်ခဲ့သည်။ ‌ြေမယာမဲ့နှင့် မြေယာအနည်း ငယ်သာရှိသူ လယ်သမားများကို စိုက်ပျိုးထုတ်လုပ်မှုတွင် စိတ်ပါဝင်စားလာစေရန် ‌ြေမယာ များ ခွဲဝေပေးခဲ့သည်။ ပထမ ၅ နှစ်စီမံကိန်းကာလ (၁၉၅၃-၁၉၅၇)အတွင်းတွင် လယ်ယာ ကုန်ထုတ်လုပ်မှု စုစုပေါင်းတန်ဘိုးသည် တစ်နှစ်ပျမ်းမျှ ၄.၅ ရာခိုင်နှုန်း တိုးတက်ခဲ့သည်။ တရုတ်စိုက်ပျိုးရေးဖွံ့ဖြိုးတိုးတက်မှု၏ ပထမဆုံးသော ရွှေခေတ်ကာလ ဖြစ်သည်။

၁၉၅၈ ခုနှစ်မှ ၁၉၇ ခုနှစ်ထိ ကာလအတွင်း စိုက်ပျိုးရေးတိုးတက်မှုမှာ နှေးကွေးနေခဲ့သည်။
ဤကာလအတွင်း တရုတ်နိုင်ငံသည် ဗဟိုမှ ချုပ်ကိုင်သည့် တပြေးညီ စီမံခန့်ခွဲမှု၏ ထိရောက်မှုကို အလေးပေးသည့် သမဝါယမနှင့် ပြည်သူ့ကွန်မြူးစနစ်များကို ကျင့်သုံး ခဲ့သည်။ သို့သော် ကုန်ထုတ်အရင်းအမြစ်များ အသုံးချမှု၊ စံနစ်တကျ ခွဲဝေမှုတို့တွင် အကျိုး သက်ရောက်မှုများ နည်းပါးခဲ့သည်။ အကျိုးဆက်အားဖြင့် တောင်သူလယ်သမားတို့၏ စိတ်ပါဝင်စားမှု လျော့ပါးစေခဲ့သည်။ ဤကာလအတွင်း စုစုပေါင်းလယ်ယာကုန်ထုတ်လုပ်မှု သည် ပျမ်းမျှအားြဖင့် နှစ်စဥ် တစ်နှစ် ၂.၃ ရာခိုင်နှုန်းသာ တိုးတက်ခဲ့သည်။

၁၉၇၈ ခုနှစ်၌ အိမ်ထောင်စုအလိုက် တာဝန်ခံသည့် ကန်ထရိုက်စံနစ်ကုိ ကျင့်သုံးခဲ့သည်။ ဤစံနစ်မှာ ကုန်ထုတ်လုပ်မှု ဦးမော့ရေးကို ချိတ်ဆက်ထားပြီး ပြည်သူ့ကွန်မြူးစံနစ်ကို စတင်ဖျက်သိမ်းကာ နိုင်ငံပိုင် အာဏာရှိ အဖွဲ့အစည်းများနှင့် စီးပွားရေးအဖွဲ့အစည်းများ အကြား ဆက်စပ်ပတ်သက်နေမှုကို အဆုံးသတ်လိုက်သည်။ လယ်သမားများသို့ လယ်ယာ မြေကို ခွဲဝေချထားခြင်းကို ကန်ထရိုက်ချုပ်ဆိုသည့် စံနစ်သို့ ပြောင်းလဲပြီး တောင်သူလယ် သမားတို့၏ ကုန်ထုတ်လုပ်မှုတွင် စိတ်ပါဝင်စားလာစေရန် ဆောင်ရွက်ခဲ့သည်။ ၁၉၈၅ ခုနှစ်တွင် ဒုတိယအကြိမ် ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်ခဲ့ရာ စိုက်ပျိုးရေး ထွက်ကုန်များ ဝယ်ယူရောင်းချခြင်းကို နိုင်ငံတော်ကသာ လက်ဝါးကြီးအုပ် ဆောင်ရွက်သည့် စံနစ်ကို ဖယ်ရှားပစ်လိုက်ပြီး ကန်ထရိုက်စာချုပ်အရ ဝယ်ယူသည့်စံနစ်သို့ ပြောင်းလဲခဲ့သည်။ ဤသုိ့ ပြုပြင်ပြောင်းလဲမှုကြောင့် စျေးကွက်သည်သာ စိုက်ပျိုးရေးထုတ်ကုန်များ၏ ရောင်းလိုအား နှင့် ဝယ်လိုအားကို ထိန်းညှိပေးရာ၊ ကုန်ထုတ်အရင်းအမြစ်များကို ခွဲဝေပေးရာ အဓိက အခန်း ကဏ္ဍ  ဖြစ်လာသည်။ တောင်သူလယ်သမားတို့၏ တီထွင်ဖန်တီးနိုင်မှု၊ ကုန်ထုတ် တိုးရေး စိတ်ဝင်စားမှုကို ြဖစ်လာစေခဲ့သည်။ ထွက်ကုန်ပစ္စည်းများ ထုတ်လုပ်မှု၊ စီးဆင်း လည်ပတ်မှု တို့သည် မမျှော်မှန်းနိုင်သော အရွယ်အစား၊ နှုန်းထားဖြင့် တိုးတက်လာခဲ့သည်။ ထိုအချိန်တွင် ၁၀ နှစ်တာမျှ လိုအပ်သလို ချိန်ကိုက်ညှိနှိုင်းမှုများဖြင့် ကျေးလက်ဒေသတွင် စက်မှုလုပ်ငန်းများ ထူထောင်မှုများ တစ်နေ့တစ်ခြား တိုးတက်အောင် ဆောင်ရွက်ခဲ့ရာ အ‌ြေခခံပင်မစီးပွားရေးကဏ္ဍများမှာ သိသိသာသာ ကျဆင်းလာခဲ့ပြီး ဒုတိယ တတိယအဆင့် စက်မှုစီးပွားရေးကဏ္ဍများက မြင့်မားလာခဲ့သည်။ ပင်မစီးပွားရေးတွင် လယ်ယာကဏ္ဍ၏ ပါဝင်မှုအချိုးအဆမှာလည်းာ သိသာစွာ ကျဆင်းလာခဲ့ပြီး တိရိစ္ဆာန်မွေးမြူရေးနှင့် ငါးလုပ်ငန်းကဏ္ဍမှာ ြမင့်တက်လာခဲ့သည်။ စိုက်ပျိုးရေးထုတ်ကုန်များအနေဖြင့် ရိက္ခာသီးနှံ ထုတ်လုပ်မှုများ ကျဆင်းပြီး ဝင်ငွေရရန်စိုက်သည့် သီးနှံများ တိုးတက်လာသည်။ ဆက်လက်၍ ဒုတိယအဆင့် စက်မှုလုပ်ငန်းများ ကျဆင်းလာပြီး တတိယအဆင့် စက်မှုလုပ်ငန်းများ ထွက်ပေါ်လာသည်။

၂၁ နှစ်တာကာလအတွင်း တရုတ်နိုင်ငံ၏ လယ်ယာထွက်ကုန် စုစုပေါင်းတန်ဘိုး တိုးတက်မှုနှုန်းမှာ တစ်နှစ်ပျမ်းမျှ ၆.၅ ရာခိုင်နှုန်း တိုးတက်ခဲ့သည်။ တိုးတက်မှုနှုန်းအမြင့်ဆုံး ၁၂.၃ ရာခိုင်နှုန်းကို ၁၉၈၄ ခုနှစ်တွင် ရောက်ရှိခဲ့ရာ ထိုစဥ်က တကမ္ဘာလုံး ပျမ်းမျှတိုးတက်မှုနှုန်းထက် ကျော်လွန်ခဲ့သည်။ ၁၉၉၉ ခုနှစ်တွင် တရုတ်လယ်ယာကဏ္ဍ တိုးတက်မှုမှာ ဘက်ပေါင်းစုံမှ တိုးတက်မှုဖြစ်ခဲ့သည်။ ရိက္ခာသီးနှံ၊ ဝါနှင့် ဆီထွက်သီးနှံများ တန်ချိန် ၅၀၈.၃၉ သန်း၊ ၃.၈၃ သန်းနှင့် ၂၆.၀၁၂ သန်း အသီးသီး ထွက်ရှိခဲ့သည်။ ၁၉၇၈ ခုနှစ်ကထက် ၆၆.၇၊ ၇၆.၇ နှင့် ၄၀၀ ရာခိုင်နှုန်းထိ တိုးတက်ခဲ့ခြင်း ဖြစ်သည်။ အသားထုတ် လုပ်မှု တန်ချိန် ၅၉.၆၁ သန်းရှိရာ ၁၉၇၈ ခုနှစ်ကထက် ၇ ဆ တိုးတက်ခဲ့သည်။ ရေထွက်ပစ္စည်းများ ထုတ်လုပ်မှုတွင်လည်း တန်ချိန် ၄၁.၂၂၄ သန်းထိ၊ ၁၉၇၈ ခုနှစ်ထက် ၈. ၈ ဆ တိုးတက်ထုတ်လုပ်နိုင်ခဲ့သည်။ ဤသို့ဖြင့် အဓိကလယ်ယာထွက်ကုန်များ မလုံလောက်မှုကို နောက်ဆုံးတွင် ကျော်လွှားနိုင်ခဲ့သည်။ ယခုအခါ လူတစ်ဦးကျ အသား၊ ဥ နှင့် နို့ ထုတ်လုပ်မှုမှာ ၅၀၊ ၁၇၊ ၆.၆ ကီလိုဂရမ် ဖြစ်ရာ ကမ္ဘာ့ပျမ်းမျှ ထုတ်လုပ်မှုကို ကျော်လွန်တော့မည်ဖြစ်သည်။ နှစ်ပေါင်းရာနှင့်ချီ၍ တရုတ်တောင်သူလယ်သမားတို့အား ပြဿနာပေးခဲ့သော ရိက္ခာပြတ်လပ်မှုကို နောက်ဆုံး၌ ဖြေရှင်းနိုင်ခဲ့ပြြီဖစ်သည်။

မြို့နယ်စီးပွားရေးလုပ်ငန်းများ ပေါ်ထွန်းလာခြင်းသည် လယ်ယာစီးပွားဘဝ ဘက်စုံဖွံ့ဖြိုး တိုးတက်ရေးကို ြမှင့်တင်ပေးလိုက်သည်။ ၁၉၈၇ ခုနှစ်တွင် မြို့နယ်စီးပွားရေးလုပ်ငန်းများ ၏ ကုန် ထုတ်လုပ်မှုတန်ဘိုးစုစုပေါင်းသည် လယ်ယာကုန်ထုတ်လုပ်မှုထက် သာလွန်ခဲ့သည်။ ၁၉၉၀ ပြည့်နှစ်တွင် ယင်း မြို့နယ်စီးပွားရေးလုပ်ငန်းများ၏ ပြည်ပတင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၁၃ ဘီလီယံရရှိခဲ့သည်။ ဤသည်မှာ ပြည်ပတင်ပုိ့မှုမှ ရရှိသော နိုင်ငံခြားငွေစုစုပေါင်း၏ ၂၃.၈ ရာခိုင်နှုန်းမျှရှိသည်။ ထောင်နှင့်ချီသော မြို့များသည် ကျေးလက်နှင့်မြို့ပြကွာဟမှု ပပျောက်ရေး၊ ကျေးလက်နှင့် မြို့ပြပေါင်းစပ်ရေး တုိ့အတွက် အရေးပါသော အခန်းကဏ္ဍမှ ပါဝင်လျှက်ရှိသည်။ တောင်သူလယ်သမားများ၏ တစ်ဦးကျဝင်ငွေအနေဖြင့် ၁၉၇၈ ခုနှစ်က ၁၃၄ ယွမ်သာရှိရာမှ ၁၉၉၉ ခုနှစ်တွင် ၂၂၁၀ ယွမ်အထိ တိုးတက်လာခဲ့သည်။
Copyright © 2007 GMS - AIN.ORG , Support by ADB